အပြင်းစား rp ထုနည်း
facebook အကောင့် report ထုနည်းအကြောင်း ရှင်းပြပေးထားပါတယ်
facebook အကောင့်ကို rp ထုတိုင်း အကောင့်ပျက်ပါသလား?
NO NO rp ထုတိုင်း လုံးဝမပျက်ပါဘူးနော်
ဖေ့စ်ဘုတ်က ချမှတ်ထားတဲ့ မူဝါဒ ကို ချိုးဖောက်ထားတဲ့ အကောင့်တွေသာ
ပျက်ပါတယ် ခင်ဗျာ
ဖေ့စ်ဘုတ် အကောင့်ကို မှန်မှန်ကန်ကန် rp ထုတက်အောင် အောက်မှာရှင်းပြပေးထားပါတယ်
အပေါ်ကပုံအတိုင်း နှိပ်လိုက်တာ နဲ့ အောက်ပါပုံအတိုင်း ရွေးချယ်ရတော့မှာဖြစ်ပါတယ်
Pretending to Be Someone(တစ်စုံတစ်ယောက်ပုံစံ ဟန်ဆောင်ခြင်း)
ကိုယ်အကောင့်ပုံစံမျိုး၊နာမည်ကြီးတဲ့လူတစ်ယောက်ယောက်၊ကိုယ့်သူငယ်ချင်းပုံစံ မျိုး
အကောင့်တုဖွင့်ထားတဲ့အခါမှာ သုံးပါတယ်
Me - ကိုယ့်အကောင့်ပုံစံ အကောင့်တုဖွင့်ထားတဲ့နေရာမှာသုံးရပါမယ်
A Friend - ကိုယ့်သူငယ်ချင်းပုံစံ အကောင့်တုဖွင့်ထားတဲ့အခါမှာသုံးပါတယ်
အောက်ပါပုံအတိုင်း ကိုယ့်သူငယ်ချင်း အကောင့်ကို ရှာပြီး Next ကိုနှိပ်ပြီး report တင်နိုင်ပါတယ်
Celebrity - ဆယ်လီတွေရဲ့အကောင့်တုတွေ အတွက်အသုံးပြုပါတယ်
Fake Account - အကောင့်အတု
အကောင့်အတုတွေကို report ထုတဲ့နေရာမှာ အသုံးပြုပါတယ်
Fake Name - အကောင့်နာမည် အတု
အကောင့်နာမည် အတု တွေကို report ထုတဲ့နေရာမှာ အသုံးပြုပါတယ်
Posting Inappropriate Things -မသင့်လျော်သောပို့စ်များ တင်နေခြင်း
ဖေ့စ်ဘုတ်ပေါ်မှာတင်ဖို့ မသင့်လျော်တဲ့ ပို့စ်တွေတင်ရင် အသုံးပြုရပါမယ်
Harassment or Bullying - နှောက်ယှက်ခြင်း သို့ အနိုင်ကျင့်ခြင်း
ကိုယ့်ကို လိုက်ပြီးနှောက်ယှက်ခြင်း အင်တာနက်ပေါ်ကနေ အနိုင်ကျင့်ခြင်းခံရတဲ့အခါမှာ
အသုံးပြုရပါမယ်
I want to help - ကူညီပြီး report တင်ပေးခြင်း
ဒါကတော့ သူ့အကောင့်ပျက်စေဖို့အတွက် မဟုတ်ဘဲ ကူညီဖို့အတွက်အသုံးပြုရပါမယ်
ဥပမာ နှောက်ယှက်ခံနေရခြင်း
ကျေးဇူးတင်ပါတယ် ခင်ဗျာ
သိသလောက်လေးရှင်းပြထားတာမို့ လိုအပ်ချက်ရှိခဲ့ပါက ကျွန်တော့ အမှားသာဖြစ်ပါတယ်
page rp တင်နည်း
posts rp တင်နည်းကို နောက်ပို့စ်တွေမှာတင်ပေးပါမယ် ခင်ဗျာ
Comments
Post a Comment